ပန်းတောင်း ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများလိုက်ပါ၍ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ တောင်သူ ဦးမိုးစောဦး၏မိုးစပါး(၂)ဧကစိုက်ခင်းအား တပ်မတော် အကြီးစားစက်ရုံ(ဆင်တဲ)မှထုတ်လုပ်သော မျိူးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုး သရုပ်ပြပွဲအားလည်းကောင်း၊ ဒေါင်းမြတ်နားကျေးရွာအုပ်စု ဦးစိုးပိုင်၏အသားတိုး ကြက်မွေးမြူထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)