ပေါင်းတည်မြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပဲခူးတိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေး

ပေါင်းတည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက  ကြူတော ကန်ကျေးရွာ၊ ကွင်းအမှတ် ၁၀၉၃ ရှိ တောင်သူဦးစိန်ထွန်း၏ ဗီယက်နမ်မျိုးကွဲ နွေစပါး စိုက်ကွင်း တွင် စံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးအောင်မျိုးမင်းတို့က မြို့နယ်အတွင်း  လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် အထွက်နှုန်းမြင့်မာရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။  

စံကွက်ရိတ်သိမ်းပွဲသို့ ပဲခူးတိုင်ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီ စံကွက် ရိတ်သိမ်းရာတွင် နွေစပါး(ဗီယက်နမ်မျိုးကွဲ) (၀.၁၀)ဧက စံကွက်ကို ရိတ်သိမ်း​ခြွေလှေ့ စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်း ၁၄၇ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)