ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ပြည်)၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပြည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့က ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော် ခန်းမ၌ ကျင်းပသည့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပြည်)၏ ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်း (ပြည်)အတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀ကို ကျောင်းအုပ်ကြီးထံ ပေးအပ်သည်။

ဆက်လက်၍ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီးဒေါ်စန်းစန်းဌေးက ဂျုတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကသူနာပြုသစ္စာဓိဋ္ဌာန်ရွတ်ဆိုကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူလေးများက အဖွဲ့အလိုက် တေးသီချင်းသီဆိုကပြမှုများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပြည်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ် တရစုပေါင်းမှတ်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)