ပုဇွန်တောင် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade – 12 ဘာသာရပ် မြို့နယ်အဆင့်မွမ်းမံသင်တန်း (၆)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Grade – 12 ဘာသာရပ်အသီးသီးကို သင်တန်းစတင်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် နည်းပြအဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာမ (၉)ဦးက အတန်းတစ်ခုချင်းစီ၏ ဘာသာရပ်အသီးသီးကို အလယ်တန်းပြနှင့် ဒုတိယအလယ်တန်းပြ ဆရာ/ဆရာမ (၂၁)ဦးအား ပို့ချပေးသွားမည်ဖြစ်ပြီး ဇွန်လ(၁၅)ရက်နေ့မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် ၃ ပတ်ကြာ (၆)ရက်သင်တန်းအား အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်