ရေကြည် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်၊ မြတ်ဒါန(အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာ အေးအေးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့် ကျန်းမာရေး စစ်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြပြီး အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးများကို မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော် ဦးကောဏ္ဍညနှင့် အလှူရှင်များက လှူဒါန်း၍ ၁လ လျှင် ၂ ကြိမ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေသန့်ဇင် (ပြန်/ဆက်)