ငဖဲ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်သာယာစေရန်၊ ရာသီဉတုအပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျောင်းကုန်းကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြသည်။
အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက ကျောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ပိတောက် (၅)ပင်၊ မယ်ဇလီ (၃၃)ပင်၊ ကုက္ကို (၃)ပင်၊ ယင်းမာ (၅၃)ပင်၊ ကျွန်း (၅၃)ပင်၊ ဗန်ဒါ (၃) နှင့် တမာ (၅)ပင် စုစုပေါင်းအရိပ်ရသစ်ပင် ပျိုးပင်(၁၅၅)ပင်ကို စုပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။
ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုမှ စုပေါင်းသစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း (၁၀၀၀၀)၊ ကံ့ကော် (၅၀၀၀)၊ မဲဇလီ (၂၀၀၀)၊ ယင်းမာ (၂၀၀၀)၊ ရေတမာ (၃၀၀၀)နှင့် တမာ (၃၀၀၀) စုစုပေါင်း ပျိုးပင် (၂၅၀၀၀)ကို မြို့မပျိုးဉယျာဉ်တွင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
မယု(ငဖဲ)၏ဩ