သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

သင်္ဃန်းကျွန်း ဇွန် ၁၆

ဇူလိုင်လ ၃ ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် တို့ ပူး‌ပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီက သင်္ဃန်းကျွန်းပညာရေးဒီဂရီကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်နှင့် ဝန်ထမ်းများ၊‌ ကျောင်းသား/သူများ၊ သင်္ဃန်းကျွန်းခရိုင် စည်ပင်(ပန်းဥယျဉ်)ဌာနမှ ခရိုင်မှူး ဦးခင်မောင်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးညီဆွေ၊ မြို့နယ်စည်ပင် သာယာ‌အုပ်ချုပ်‌ရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်ကြက်‌ ခြေနီ၊ မြို့နယ်အရံမီးသတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးရေးပွဲတော်တွင် ခရေပင်(၅၀)ပင်၊ တည်ပင်(၃၀)ပင်၊ မဟော်ဂနီပင် (၂၀)ပင်၊ စုစုပေါင်းပျိုးပင်(၁၀၀)ပင် စိုက်ပျိုးခဲ့‌ကြောင်း သိရသည်။

ခရိုက် (ပြန်/ဆက်)