မိုင်းခတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လမ်းသေ အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လမ်းသေအဘိတ်ဆေးခတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။