ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ(၅)ရွာကို ဆက်သွားထားသောလမ်းအား ကျောက်ချောလမ်းခင်းခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၅)ရွာအား ဆက်သွယ်ထားသောလမ်းကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

လားရှိုးမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မြို့နယ်အတွင်း မိုးစပါးလျာထားဧက (၃၆၉၂၂) ဧက စိုက်ပျိုးနိုင်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိူးမြို့နယ်တွင် စိုက်ပျိူးထားရှိသော မိုးစပါးစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီး မိုးစပါး(၃၆၉၂၂)ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ရှိ ကျောင်းသား/ကျောင်းသူများအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ရှိ ကျောင်းသား/ကျောင်းသူများအတွက် ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းပြီး အားကစားများပြုလုပ်နိုင်ရန် ကာယဉာနနှစ်ဖြာပြည့်ဝစေရန် ရည်ရွယ်ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ရတနာပုံခန်းမ၌ ကျင်းပခဲ့သည်။

လွိုင်လင်မြို့ ၊ အထက(၂)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာန၊ အထက(၂)ကျောင်းတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုး‌စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၂၅ရက်နေ့ မွန်းလွဲ (၂)နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ပါသည်။

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများနှင့်ပတ်သက်၍ နောင်ထပ်မံ မဖြစ်ပွားစေရေး လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(SOP) မူကြမ်း ရေးဆွဲပြုစုရေး ချင်းပြည်နယ်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ်ဒသမသုံးပေခန့်) ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ(တစ်ဒသမသုံးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်းများ စွမ်းရည်ပြပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်တန်း‌အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာကျောင်းများမှ ဘင်ခရာတီးဝိုင်းများ၏ စွမ်းရည်ပြပြိုင်ပွဲအား စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ် တည်ဆောက်ပြီးစီးမှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၁၂)မှ တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ်( ၂၂၃၂၀ စ/ပေ)ဆောက်လုပ်ပြီးစီးမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် မြို့ပေါ်ရပ်ကွတ်များသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။

နတ်မောက်မြို့၌ ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်လျှော့ချသုံးစွဲရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်လျှော့ချသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to