မြောက်ဥက္ကလာပ ဇွန် ၁၆
မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန် (၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး သောက်သုံးရေနှင့် သုံးရေလိုအပ်လျက်ရှိသော နေရာများသို့ သောက်သုံးရေနှင့်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းဆောင်ရွက်ရာတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ မိုးကုတ်ဝိပဿနာဓမ္မဗိမာန်ကျောင်းနှင့် (၂)ရပ်ကွက်၊ အာသာဝတီဘုန်းကြီးကျောင်းဝန်းရှိ အာသာဝတီလမ်း၊ ဓမ္မိဿရကျောင်းသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးတိုးမြင့်ဦးဆောင်၍ သန္ဓေ(၃)ဦး 6K/3973 Dong Feng မီးသတ်ရေသယ်ယာဥ် (၁)စီးဖြင့် ရေဂါလံ (၁၆၀၀)စီအား သွားရောက်လှူဒါန်းခဲ့သည်။
အလားတူ (ဃ)ရပ်ကွက်၊ ဝေပုလ္လ(၂)လမ်း၊ သိရီမင်္ဂလာကန်ဦးကျောင်းသို့ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းအေးဦးဆောင်၍ သန္ဓေ(၃)ဦး 5Q/5250 Dong Feng မီးသတ်ရေသယ်ယာဥ် (၁)စီးဖြင့် ရေဂါလံ (၁၆၀၀)ကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)