ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း (မြို့မ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည် ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာပြောဆို ဆွေးနွေးတတ်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများရစေရန်နှင့် လူငယ်များမှ နားထောင်ပြီး အသိပညာဗဟုသုတများစွာ ရရှိပြီးအပြန်အလှန် ပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာနတွင် ပြပွဲ /ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြပွဲ /ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ (World Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမြို့ ကြက်ခြေနီအသင်း (ခွဲ) ကော်မတီနှင့် ဝေဿန္တရာသွေးလှူရှင်များအသင်းတို့ ပူးပေါင်း၍ (Wold Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကို ယမန်နေ့က အ.ထ.က(အင်းမ)ရှိ သီတဂူ ခန်းမ၌ ကျင်းပခဲ့သည်။

သရက်မြို့၌ ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်တထောင်ခရိုင်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်ခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ခရိုင်သန်းခေါင်စာရင်းကော်မတီမှဦးဆောင်၍ သာကေတမြို့နယ် ရှု့ခင်းသာလမ်းမကြီး တပ်ဦးကျောင်းနှင့်ရေတပ်Jettyကြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျိုက်ထိုမြို့ အ.မ.က(အောင်ချမ်းသာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့‌ကော်ရပ်ကွက်ရှိ အ.မ.က(အောင်ချမ်းသာ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

လသာမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကို ယ​မန်နေ့လယ်(၁)နာရီက အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဝန်လိတ်ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနတွင်  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဝန်ထမ်းများ အထူးအလေးထားလိုက်နာစေရေး ရှေးရှုကာ ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ အများပြည်သူဆိုင်ရာရုံးဌာနကို အလွဲသုံးစားပြုခြင်းမရှိစေရန်၊ ပုဂ္ဂလိကအကျိုးစီးပွားအလို့ငှာ ယုံကြည်အပ်နှံထားသောလုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းမရှိစေရန်၊ အများပြည်သူဆိုင်ရာ(သို့မဟုတ်) ပုဂ္ဂလိကဆိုင်ရာဌာနအား ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုခြင်းမရှိစေရန်ရည်ရွယ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to