နမ့်စန်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင်ပေါင်း ၂၀၀၀ စုပေါင်းစိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၏ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက အမှတ်(၅)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.ကခွဲကျောင်း၊ ဘက်စုံသုံး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် အားလပ်ချိန်တွင် ဗဟုသုတများစွာ ရရှိနိုင်သော သုတ/ရသစာအုပ်စာစောင်များအား ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပြီး စာကြည့်တိုက်ကို ပညာဗဟုသုတရှာမှီးရာ ပညာ့ဘဏ်တိုက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာစေရန်နှင့် စာအုပ်စာပေဖတ်ရှုသည့် စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပင်လုံမြို့၊ အ.ထ.က (၃) ကျောင်း၌ ကျောင်းသား/ကျောင်းသူလေးများအား ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ဆုံဆို့-မေးခိုင်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် အ.ထ.က(အိုးဘိုကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေ‌ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင် ပြသခြင်းကို ယနေ့နံနက် ၉ နာရီက အထက(အိုးဘိုကုန်း)ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အပတ်စဉ်ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ အပတ်စဉ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့်မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် အောင်သီရိရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသားများအား အစုပေါ်အမြတ်၊စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အောင်သီရိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်မှ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများအား အစုပေါ်အမြတ်၊ စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့၌ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ် ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့ရှိ ကျေးရွာသုံးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက်ပိုင်းက ကော့လှ၊ ကော့ခပုံ၊ ကော့ခိုက် ကျေးရွာသုံးရွာ၌ ထုတ်ချေးပေးသည်။
Subscribe to