မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသင်တန်းကို စက်တင်ဘာ ၂၆ နေ့နံနက် (၉) နာရီ၌ အမှတ် (၃)ရပ်ကွက်၊ အောင်သီရိပြည့်စုံဓမ္မာရုံ၌ သင်တန်းဖွင့်လှစ်ပို့ချသည်။

မန့်ဟီးရိုးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ မိန်းကလေးငယ် (၃၉)ဦးအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူမိန်းကလေးငယ်များကို တစ်ကြိမ်ထိုးနှံထားရုံဖြင့် HPV ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ယမန့်နေ နံနက်(၁၀:၀၀)နာရီအချိန်က ထိုးနှံဆောင်ရွက်ခဲ့ပါသည်။

ကမာရွတ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး​ဟော​ပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသပြေခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ခရမ်းမြို့နယ် အ.ထ.က(ကွမ်းမိုးဒိန်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အားကစားသရုပ်ပြသခြင်းနှင့်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များမြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲ၊ အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၁၀)နာရီက ခရမ်းမြို့နယ် ကွမ်းမိုးဒိန်းအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံများ၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း‌ဆိုင်များအား စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်က တိုက်ဆည်ရေသောက်စနစ်အတွင်း၌ အယ်နီညိုဖြစ်စဉ်သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က တိုက်ဆည်ရေသောက်စနစ်အတွင်း၌ အယ်အယ်နီညိုဖြစ်စဉ် သက်ရောက်မှုအပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးပြုလုပ်ခြင်းကို ဖြူဘကျေးရွာကွင်းအမှတ် (၇၇၀)၌ ယမန်နေ့နံနက် (၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအလယ်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲများ ဆက်လက်ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအလယ်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ယ​နေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာအလယ်တန်း​ကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ မင်းလှမူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မင်းလှမူလတန်းကြိုကျောင်း၌ ကျင်းပလုပ်ခဲ့သည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Subscribe to