ဘားအံခရိုင် (Community Centre) တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း၊ အမှတ် (၃၁) မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် လယ်သီးထပ်(ရေဆင်း-၁၅)ပဲပုပ်စိုက်ခင်းများ ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် နမ့်‌မော်ဆွမ့်ကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း စိုက်ပျိုးထားသော လယ်သီးထပ်(ရေဆင်း-၁၅)ပဲပုပ်စိုက်ခင်းများကို ယနေ့နံနက် ၈ နာရီအချိန်က စတင်ရိတ်သိမ်းနေပြီ‌ဖြစ်ကြောင်း သိရသည်။

ချောက်မြို့မ​စျေး၌ ပလတ်စတစ်​သုံးစွဲမှုလျှော့ချ​ရေး ကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍​ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ချောက်မြို့မ​စျေးတွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။      

ငါးသိုင်းချောင်းမြို အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက  ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၂/၂၀၂၄)ကို ယနေ့နံနက် (၉) နာရီအချိန်ကဖွင့်လှစ်ခဲ့သည်။

မင်းလှမြို့နယ် မလွန်ကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲက မလွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ် အ.လ.က- ခွဲ (ဝက်ကော်)နှင့် ခွန်အားသစ်စာကြည့်တိုက်သို့ စာအုပ်စာစောင်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ယနေ့နံနက် ၉ နာရီခွဲက သရက်တပင်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ သွားရောက်လှူဒါန်းခဲ့သည်။

ကျုံပျော်တွင်  တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်းကုသခြင်းများ ဆောင်ရွက်

ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေး ပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ၊ ဓမ္မာရုံစာကြည့်တိုက်၌ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ် လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊က္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

သထုံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Board စိုက်ထူ

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က အောက်ကျင်းရပ်ကွက်၊ သုဝဏ္ဏဈေးအရှေ့ရှိ၊ ရန်ကုန်-‌မော်လမြိုင် အဝေး‌ပြေးကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးဂေါက်ကလပ် စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လားရှိုးဂေါက်ကလပ် စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက လားရှိုးဂေါက်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to