ကော့မှူး၌ ရှေးဦးပြုစုနည်းအ‌ကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာစီးဌာနတို့ပူးပေါင်းကျင်းပသော ရှေးဦးပြုစုနည်း‌အကြောင်းအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၅ ရက်‌နေ့နှင့် ၂၆ ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ငှက်အော်စမ်း)ကျောင်းနှင့် အ.ထ.က(ထန်းမနိုင်)ကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅)ရပ်အား ပြည်သူများလိုက်နာစေရန် ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြောင်ရေကျေးရွာအနီးရှိ V 4 လမ်းဆုံနှင့် အေလာအနီးရှိ မြို့ရှောင်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့တွင် ခရိုင်အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အမျိုးသမီးကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။

ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(ဆဒုံး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

တပ်ကုန်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်အား ပြည်သူများလိုက်နာစေရန် ရှောင်တစ်ခင်စစ်ဆေးခြင်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာ စေရန်၊ ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင် အမှတ် (၂၄၈/၅) တွင် မော်တော်ယာဉ် (၂၃) စီး၊ မော်တော်ဆိုင်ကယ် (၄၁) စီးအား စစ်ဆေးဆောင်ရွက်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ စင်္ကြာမုနိ ကြေးသွန်းရုပ်ပွားတော်များ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သော၏ ဩဝါဒနှင့်အညီ စင်္ကြာမုနိ ကြေးသွန်းရုပ်ပွားတော် ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ည ၇ နာရီက အဆိုပါစာသင်တိုက်၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့နယ်၌ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work)ဆောင်ရွက်မည့်ကျေးရွာများ၌ ကျေးရွာကော်မတီဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြိုနယ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများသည် ယမန်နေ့ညနေပိုင်းက အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ဆောင်ရွက်မည့် ကျေးရွာများသို့ သွားရောက်ကာ ကျေးရွာကော်မတီဖွဲ့စည်းခဲ့ကြောင်းသိရသည်။
Subscribe to