ဗိုလ်တထောင် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်ခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ခရိုင်သန်းခေါင်စာရင်းကော်မတီမှဦးဆောင်၍ သာကေတမြို့နယ် ရှု့ခင်းသာလမ်းမကြီး တပ်ဦးကျောင်းနှင့်ရေတပ်Jettyကြားတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို အစီအစဉ်(၅)ရပ်ဖြင့်ကျင်းပခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူးဒေါ်တင်မိုးမိုးအေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌတို့က ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွေးနံသာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ်ရှေ့တွင် မှတ်တမ်းဓါတ်ပုံများရိုက်၍ တက်ရောက်လာသူများနှင့် ခရီးသွားပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ခင်ဝင်း(ပြန် / ဆက်)