သုံးခွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူပွဲကျင်းပ

ရန်ကုန်‌တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိကောက်ယူမည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူထုအသိပညာပေးလုပ်ငန်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၇)ရပ်ကွက်ဘီအိုစီကွေ့ သုံးခွ-ရန်ကုန်ကားလမ်းမ‌ဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပလတ်စတစ်သုံးစွဲမှုသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး ကမ္ဘာတစ်ဝှမ်းလုံး၌ တစ်စက္ကန့်လျှင် ပလတ်စတစ်အိတ်ပေါင်း ၁၆၀၀၀၀ ခန့် သုံးစွဲလျက်ရှိကာ တစ်နှစ်လျှင် ၅ ထွီလီယံခန့်အထိ သုံးစွဲမှုများရှိနေ

ပလတ်စတစ်သုံးဆွဲမှုသည် သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ဆိုးရွားစွာထိခိုက်စေပြီး ကမ္ဘာတစ်ဝှမ်းလုံး၌ တစ်စက္ကန့်လျှင် ပလတ်စတစ်အိတ်ပေါင်း ၁၆၀၀၀၀ ခန့် သုံးစွဲလျက်ရှိကာ တစ်နှစ်လျှင် ၅ ထွီလီယံခန့်အထိ သုံးစွဲမှုများရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သုတေသနမှတ်တမ်းများအရ သိရသည်။

အမာမြို့Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က(ကဝ)၊ ဆရာကျော့ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက်  မိုးရာသီ သစ်ပင်စိုက်ပျိုးမှုများ စတင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက်၂၀၂၄ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးနိုင်ရေးပျိုးပင်ပေါင်း (၃၅၆၀၀၀) ကျော်ပျိုးထောင်ထားရှိရာ ယနေ့နံနက်(၈)နာရီအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီး ဖြူးချောင်းရေအားလျှပ်စစ်ဝန်းအတွင်းတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲ များကို ယနေ့ နံနက်(၁၀)နာရီက သာယာဝဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းတက္ကသိုလ်၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ကမ္ဘာ့သဲကန္တရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၆:၃၀) နာရီတွင် သန်လျင်တံတားအဆင်း ကျိုက်ခေါက်ဘုရားလမ်းကြီးဘေး၌ ကျင်းပသည်။

ဖျာပုံမြို့၌ "ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့" မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများဦးဆောင်၍ "ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့" မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၁၇)ရက်နေ့ နံနက် (၇)နာရီအချိန်က ဖျာပုံမြို့ အထက (၁)ကျောင်း ဘောလုံးကွင်းအတွင်း ပြုလုပ်သည်။

ရွှေကျင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ရှမ်းကြေးရပ်ကွက် အ-ထ-က(တပ်နယ်) ကျောင်း ပညာအလင်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to