မိုင်းယန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

မိုင်းယန်း ဇွန် ၁၇

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဝန်လိတ်ရပ်ကွက် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်သည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အသက်(၄၀)နှစ်အထက်နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးဝန်ထမ်းဆရာမများမှ စနစ်တကျစာရင်းပြုစု၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထူး