ရေကြည် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည် ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာပြောဆို ဆွေးနွေးတတ်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများရစေရန်နှင့် လူငယ်များမှ နားထောင်ပြီး အသိပညာဗဟုသုတများစွာ ရရှိပြီးအပြန်အလှန် ပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ-ထ-က(မြို့မ)ရေကြည်မှကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။ ဆက်လက် ၍ လူငယ်စကားဝိုင်းကျင်းပရာ လူငယ်ရေးရာကော်မတီအတွင်းရေးမှူး မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးတို့ကဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မခိုင်ဝေဇင်ဦးက လူငယ်နှင့်ကျန်းမာရေး၊ ၊မချိုနှင်းသဇင်ကျော်က လူငယ်နှင့်ရည်မှန်းချက်၊ မကြယ်ဇင်လင်းလက်မှ လူငယ်နှင့်စာရိတ္တ၊ မောင်ခန့်ဘုန်းမြတ်က လူငယ်နှင့်အားကစား၊ မောင်ဟိန်းထက်ဇော်မှလူငယ်နှင့် မူးယစ်ဆေး စသည့်ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူ (၂၆၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မေသန့်ဇင်