ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်

ကွမ်းခြံကုန်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်သမဝါယမအသင်းစုမှ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်လျက်ရှိသော ကော့ဒွန်းကျေးရွာ၊ ကော့ဒွန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများသို့ ဇွန် ၁၄ ရက်နေ့က ကော့ဒွန်းကျေးရွာ၌ သွင်းအားစုပေးအပ်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွင်းအားစုများပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးသမဝါယမဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ်တွင်မြို့နယ်သမဝါယမအသင်းစုမှ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်မည့် သမဝါယမအသင်း ၄ သင်း၊ အသင်းသား ၁၃၇ ဦး၊ မိုးစပါးစိုက်ဧက(၁၂၂၂)ဧကအတွက် တန်ဖိုးငွေ ၂၄၄.၄၀ ကျပ်သန်းနှင့်ညီမျှသော သွင်းအားစုများကို မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့်သမဝါယမအသင်းစုတို့မှ အသင်းသားတောင်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)