ကျိုင်းတုံ ဇွန် ၁၈
၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက် က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်တောင် အထကနှင့် ယန်းလော အထက ကျောင်းတို့၌ ကျင်းပသည်။
ဟောပြောပွဲတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းနှင့်ဦးဝေဖြိုးဦးတို့က မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များနှင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာအကြောင်း အရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)