လားရှိုးမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

လားရှိုး ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီက အမှတ် (၁) ရပ်ကွက်ရှိ ထင်းရှူးတောင်တွင် ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းအောင်ဆန်းနှင့် တာဝန်ရှိသူတို့က ပျိုးပင်များကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများထံ ပေးအပ်သည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်သစ်တော ဝန်ထမ်းများ၊ သက်မွေးပညာအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများ၊ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ကံ့ကော်၊ ပိတောက်၊ ခရေ၊ ကျွန်း၊ ထင်းရှူးပင် အပင်ပေါင်း (၃၀၀) ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)