မုဒုံ ဇွန် ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စုတွင် မိုးစပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်သပြပွဲကို ယမန်နေ့က တောင်သူ ဦးသန်းထိုက် ကွင်းအမှတ် (၈၂၈) လယ်ယာမြေ၌ ကျင်းပသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။
စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စပါးစိုက်နည်းစနစ် မှန်ကန်စေရေး၊ မိုးစပါးစိုက်ကာလတွင် တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် တောင်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ချကိရိယာ (Seeder) ကို အခမဲ့ ဖြန့်ဝေပေးထားကြောင်း၊ မုဒုံမြို့နယ်တွင် ယခုနှစ် မိုးစပါးများကို စိုက်ဧက ၇၅၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)