မိုင်းဖြတ်မြို့နယ်၌ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းဖြတ် ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ပြည်သူများကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၇) နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ မြို့မဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဖြန်ဝေပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးညီညီအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ဦးစီးမှူး ဦးသန်းထွန်းနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ရှမ်းဘာသာဖြင့် ထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်းကောက်ကြစို့ အသိပညာပေးလက်ကမ်းစာစောင်များကို မြို့မဈေးရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွာလာနေသည့် မိဘပြည်သူများ၊ မြို့မဈေးရှိ ဈေးရောင်းဈေးဝယ်များအား စောင်ရေ (၅၀၀) ကို  (အခမဲ့) ဖြန့်ဝေပေးခြင်း၊ ပညာပေးပြောကြားခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်နေ့အထိ ကောက်ယူမည့်အခြေအနေ၊ ပြည်သူများ သိရှိလိုသည့်အချက်များ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးခွန်းများမေးမြန်းခြင်း၊ ပြည်သူများမှမေးခွန်များကို ဖြေဆိုရမည့်အချက်များ ပါရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)