ချောက် ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာလူ ထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၁၅)ရပ်ကွက် မြေနီကုန်း ရပ်ချောက်-မကွေးသွားကားလမ်းမကြီးဘေးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြ စို့လူထုအသိပညာပေးဆိုင်းဘုတ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေမျိုးသက်၊ ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီးမျိုးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်တင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ဖြင့်ပက်ဖျန်းပေးခဲ့သည်။
ထိုနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာ(၁)မှအောက်တိုဘာ(၁၅)ရက်ထိကောက်ယူမည့် ၂၀၂၄ခုနှစ်လူဦးရေ နှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ပြည်သူများ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်နိုင်ရေးလမ်းသွားလမ်းလာပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခြင်းများဆောင်ရွက်ခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ်ရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)