ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး မအူပင်ရဲစခန်းရှိ အချုပ်ခန်းအား ကြည့်ရှုစစ်ဆေး

မအူပင် ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ မအူပင်ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်တို့နှင့်အတူ ယမန်နေ့က မအူပင်မြို့မရဲစခန်းသို့သွားရောက်၍ အချုပ်ခန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အချုပ်ခန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် အဖွဲ့ဝင်များသည် အချုပ်သား/အချုပ်သူများ နေထိုင်သည့် အချုပ်ခန်းများအား လှည့်လည်ကြည်ရှုကာ ၄င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများအား ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)