သဲကုန်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကျားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် ယမန်နေ့က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းနှင့် (ရပ်ကွက်-၂) ကန်တော်မင်္ဂလာရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက သွေးလွန်တုပ်ကွေးရောဂါပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် မူလတန်းကြိုကျောင်းနှင့် (ရပ်ကွက်-၂) ကန်တော်မင်္ဂလာရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ခြင်ဆေးဖျန်းခြင်း၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှုကင်းဝေစေရေး၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ပိုးလောက်လမ်းပေါက်ပွားစေနိုင်သော ရေစည်ရေအိုးများ၊ ရေလှောင်ကန်များ စသည့်နေရာများတွင် သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှုမရှိစေရန် ကြည့်ရှုစစ်ဆေးပြီး အဘိတ်(Abate)ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများက လိုအပ်သည်များအား ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)