စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ ဆဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၃-၂၀၂၄ အထိ ပညာသင်ကြားပြီးမြောက်အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်များကို အပ်နှင်းပေးအပ်သည်။

မိုင်းယုမြို့၌ ဂေဟဟနစ် ပြန်လည်ဖြည့်တင်းရေးအတွက် သဘာဝဘေးမဲ့ ငါးမျိုးစိတ်အကောင်ရေ ( ၁၅၀၀၀) စိုက်ထည့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားခွင့်ပြုမိန့်ရ ပြန်လည်အပ်နှံပြီးဖြစ်သော ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်မှ တူးဖော်ခဲ့သော ရေကန်အတွင်း သဘာဝဘေးမဲ့ငါးမျိုးစိတ်အကောင်ရေ ( ၁၅၀၀၀) စိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာအနီးရှိ ဟိန်းကောင်းဆက်ကုမ္မဏီ၏ SEMU-2 လုပ်ကွက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော  ဒေါ်ခင်ချစ်ဓမ္မာရုံရှိအနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူးက ချောင်းငယ်ကျောင်းဆရာတော်နှင့် သံဃာတော်များအတွက် ဆွမ်းဆန်၊ ဆီနှင့် အချိုရည်များ ဆက်ကပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော် ကျော်ခေါင် ၊တနင်္သာရီမြို့နယ် စရတ(ကရခ) ခွဲ(၂) စု(၃) တပ်စုမှူး ဒုအရာခံဗိုလ် မောင်စိုးနှင့် အဖွဲ့ဝင်များလိုက်ပါလျှက် ယနေ့ နံနက် ၁၁နာရီခွဲအချိန်က တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်- ချောင်းငယ်ဘုန်းတော်ကြီးကျောင်းတိုက်သို့ မော်တော်ယာဥ်များဖြင့် ရောက်ရှိလာပြီး  ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသံဝရအား ဖူးမျှော်ကြည်ညို၍ ဆရာတော်နှင့်တကွ သံဃာတော်များအတွက် ၂၄-ပြည်ဝင် ဆွမ်းဆန်(၅)အိတ်၊ စားဆီ ၁၀-ပိဿာဝင် (၁) ပုံးနှင့် အချိုရည်ဘူးများ စုစုပေါင်းကာလတန်ဖိုးငွေ (၆) သိန်းကျပ်ဖိုးကို ဆက်ကပ်လှူဒါန်းပေးကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ပွားပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ လွိုင်ကော်မြို့ ကျက်သရေဆောင် ဆုတောင်းပြည့် မြို့နာမ်စေတီတော်မြတ်ကြီးအား  ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ခြင်း၊ ဥပ္ပါတသန္တိ ပရိတ်တော်ရွတ်ပွားပူဇော်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြို့နာမ်စေတီတော် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်အုပ်စု၊ ဆင်တဲကြီးကျေးရွာ၌ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်၌ သနွံသနော့-မြေခြား ကိုယ်ထူကိုယ်ထချောင်းကူးတံတားဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သနွံသနော့အုပ်စု၊ သနွံသနော့ကျေးရွာနှင့် နတ်မော်အုပ်စု၊ မြေခြားကျေးရွာကြားတွင် နတ်မော်ချောင်းအားဖြတ်သန်း၍ သနွံသနော့-မြေခြား ကိုယ်ထူကိုယ်ထချောင်းကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတံတားသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်နှင့် မင်္ဂလာဒီပရပ်ကွက်တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်နှင့်မင်္ဂလာဒီပရပ်ကွက်တို့တွင် မိုးရာသီပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် သုခဒီပရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းဝင်းနှင့် မင်္ဂလာဒီပရပ်ကွက် ကညနရုံးဝင်းအတွင်းတို့၌ ကျင်းပခဲ့သည်။

ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ​ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Subscribe to