လားရှိုးမြို့တွင် MPT ၏ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ ကျင်းပ

လားရှိုး ဇွန် ၂၂

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ထင်းရှူးတောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာသိန်း၊ လားရှိုးခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှင်းအောင်ဆန်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သစ်တောဝန်ထမ်းများ၊ သက်မွေးပညာအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများတက်ရောက်ခဲ့ကာ တပျော်တပါး သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

လားရှိုးမြို့တွင်ပြုလုပ်သည့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မယ်ဇလီ၊ ထင်းရှူး၊ ချယ်ရီ၊ ရေသင်းဝင်၊ သစ်လှ၊ ပန်းဝါပန်းပင် ၃၀၀  ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)