သထုံ ဇွန် ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မှုခင်းများလျော့နည်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့မှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က နန်းခဲရပ်ကွက်ရှိ အ.မ.က(ဘူတာ)ကျောင်း၌ ပြည်သူများအား သတင်းတုသတင်းအမှားများ ဂရုပြုနိုင်ကြရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး ဟောပြောရာတွင် သထုံမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကျော်မိုး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းပြီး ပြည်သူလူထုများ လုံခြုံအေးချမ်းစွာနေထိုင်ရေးအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူလူထုအနေဖြင့် လူမှုကွန်ရက်များမှ သတင်းတုသတင်းမှားများကို ဂရုပြုပြီး ကိုယ်တိုင်ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်းမပြုမိစေရန် သတိပြုကြရေး၊ ဆက်သွယ်ရေးကွန်ရက် အင်တာနက်အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာအသုံးပြုရာ၌ သတိပြုရှောင်ကြဉ်ရမည့်အချက်များ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ် ဥပဒေတို့နှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ နန်းခဲရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)