ရပ်စောက်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ရပ်စောက် ဇွန် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဗထူးတပ်နယ် မွေးမြူရေးတပ်ရှေ့ ငါးပင်ကျေးရွာလမ်းခွဲအတွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဗထူးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများကို ပျိုးပင်များအသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ဗထူးတပ်နယ်မှူးနှင့် တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၅၄)ဦးတို့က သက်မှတ်နေရာ အသီးသီးတွင် မိုးရာသီသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယနေ့ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင် ၅၀၀၊ မျောက်ငိုပင် ၅၀၀၊ ခါတော်မှီ ၂၅၀၊ အောရီးရှား ၂၅၀၊ စိန်ပန်းပြာ ၅၀၀၊ စုစုပေါင်းသစ်ပင် (၂၀၀၀)ကိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆုမွန်(ပြန်/ဆက်)