ဟိုမိန်း ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈:၃၀ နာရီက မြို့မဈေးအတွင်း၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးဆိုင်များသို့ ဖြန့်ဝေပေးခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ/ထည့် မကောက်ရမည့် သူများ၊ ၂၀၁၃ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ၊ စာရင်းကောက်ယူ ရမည့်မေးခွန်းများ၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ် တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင် စာရင်းကောက်ယူခြင်းနှင့် သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည့်အစီအစဉ်များ စသည့်တို့ကို ရေးသားဖော်ပြထားပါသည်။
အဆိုပါသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်၊ မြို့ရဲတပ်ဖွဲ့စခန်းမှူး မင်းမင်းထိုက်၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးအောင်ဇော်လင်း ၊မြို့မီးသတ်ဦးစီးဌာနမှ ဦးနေမျိုးလှိုင်တို့ ပူးပေါင်းဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ရုံးရှေ့တွင်လည်း အများပြည်သူသိရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာနှင့်ပတ်သက်သည့် ကြော်ငြာပိုစတာများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုမိန်း)