ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)ရှိ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူ

ကျွန်းလှ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)မှ သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)၌ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော် အပါး (၇၀) ကျော်တို့အား ကျွန်းလှမြို့ပေါ် ရပ်ကွက်နေပြည်သူများက ဆွမ်းဆန်စိမ်းအစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။

ထို့အပြင် ဆရာတော်သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ ရပ်ဝေးရပ်နီးကုသိုလ်ရှင်များ၊ ဒေသခံပြည်သူများက ဆွမ်းနှင့် လှူဖွယ်အစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို