မိုင်းရှူးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး ပိုစတာစိုက်ထူပွဲကျင်းပ

မိုင်းရှူး ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး‌ရှေ့၌ ၂၀၂၄ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်(၈)နာရီက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁) လှုပ်ရှား စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကိုထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အတွင်းရေးမှူး ဦးအောင်ဆန်းဦး၊မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အတွင်းရေးမှူး ဦးထွန်းမြင့်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမွေးနံ့သာရည် ပက်ဖျန်းပြီးအမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့သည်။

ထို့နောက် ခရီးသွားလာပြည်သူများ၊ ဒေသခံပြည်သူများအား အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ်လူဦးရေနှင့်   အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)