မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ၌ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က-ခွဲ(မိုင်းကိုင်)မှ ကျောင်းသား ကျောင်းသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ အရန်သားဖွားသင်တန်းသူများ၊ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။