နတ်မောက်မြို့နယ်တွင် မနောသုခစံကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိူးသန့်များကို စိုက်ပျိုးပေးလျက်ရှိရာ မနောသုခစပါးစံကွက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)  ခန်းမတွင် (Book Club) အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ  လင်းထိပ်သျှင်နှင့်အခြား ရေးသားထားသော "မြို့များ ရာဇဝင်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 မုံရွာမြို့ ပြည်သူ့စာကြညိ့တိုက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံတောင်သူများကို လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေပြီး လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ အခမဲ့လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းကို အောက်တိုဘာ ၉ ရက်နေ့ကစပြီး မြို့နယ်စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး  ဦးစိုးမင်းထွေးထံမှ သိရသည်။

ရွှေတိဂုံစေတီတော်၌ နဝလောဟရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ(၂)ဆူထားရှိမည့် ဗောဓိမဏ္ဍိုင် တန်ဆောင်း၊ ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများ ထည့်သွင်းပူဇော်ခြင်း အခမ်းအနားကျင်းပ

ရွှေတိဂုံစေတီရင်ပြင်တော် အင်္ဂါထောင့်တွင် တည်ထားကိုးကွယ်သော ဗုဒ္ဓခြေတော်ရာ (၂)ဆူအား အစားထိုးသွန်းလုပ်ခြင်းအား ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ကဦးဆောင်၍ မန္တလေးမြို့ကြေးသွန်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင်ထံ အပ်နှံခဲ့သည်။

သီပေါမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

သရက်မြို့၌ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ သရက် အောက်တိုဘာ ၁၉ ဇော်ထက် (သရက်)

ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာ ကန်သုံးဆင့်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အုတ်တွင်း၊ သက္ကယ်သောင်၊ ဒီးဒူးကုန်းအုပ်စုများမှ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မောက်မယ်မြို့နယ်၌ မျိုးသန့်ပွားမျိုးစေ့(RS)မိုးစပါး စိုက်ပျိုးထားရှိရာ ဖြစ်ထွန်းအောင်မြင်

ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၂)၊ ဦးပိုင်အမှတ်(၇)တောင်သူ ဦးကျော်ဇံ၏လယ်မြေ၌ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီ ကောက်ညှင်းမွေး မိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
Subscribe to