မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အန္တရာယ်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဇွန်လ ၂၆ ရက်​နေ့တွင် ကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မိုးရာသီတွင် ခြင်များပေါက်ဖွားပြီး ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သနပ်ပင်မြို့နယ် အ.ထ.က (သနပ်ပင်) နှင့် အ.လ.က (ခွဲ) ​ဈေးပိုင်းကျောင်းများတွင် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​​၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်ခဲ့သည်။

ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စု၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက တော်ကမယ်ကျေးရွာ ပုပ္ပါရုံဘုန်းတော်ကြီးတိုက်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အင်ဂျင်ပါဝါသုံး လက်ဆွဲကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျွမ်းကျင်သည့် စက်မှုလယ်ယာ စက်မောင်း/စက်ပြင် ပညာရှင်များ ပေါ်ပေါက်လာစေရန်နှင့် ကျွမ်းကျင်ပညာရှင်များမှ မိမိတို့ဒေသအလိုက် ပညာပေးသရုပ်ပြပွဲများဆောင်ရွက်ခြင်း၊ လက်ဆွဲကောက်စိုက်စက်အသုံးပြုသူ တောင်သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား ကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆင့်ပွား ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) အစည်းအဝေးခန်းမတွင် အင်ဂျင်ပါဝါသုံး လက်စွဲကောက်စိုက်စက် မောင်းနှင်ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ဌာနဆိုင်ရာရုံးများတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်း လုပ်ငန်းများအဖြစ် ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်သည်။

မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းတည့်(၁၂)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ပညာသာမက ဘဝအတွက်လိုအပ်သော ဗဟုသုတများပါ တိုးပွားရေး ရည်ရွယ်ချက်ဖြင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to