မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူးမွေးမြူရေးအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မြစ်သား ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇွန် ၂၃ ရက်နေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူးမွေးမြူရေးအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သီဟမင်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့ မြို့မရဲစခန်းမှ စခန်မှူး ဒုရဲမှူးဇော်မင်းထွေးက လူငယ်များသည် မူးယစ်ဆေးဝါးများကို စူးစမ်းလိုသောကြောင့်လည်းကောင်း၊ အပေါင်းအသင်းများကြောင့်လည်းကောင်း မူးယစ်ဆေးဝါးအမျိုးမျိုး၊ ဆေးလိပ်၊ ကွမ်းယာများ စတင်သုံးစွဲခြင်းသည် လူညွှန့်တုံးစေသည် အထိဖြစ်စေနိုင်ကြောင်း မူးယစ်ဆေးဝါးများကို အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးစာပေပွဲတော်များအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဟန်က လူငယ်နှင့်စည်းကမ်းအကြောင်းဟောပြောပြီး ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့သည်။

လူငယ်‌ရေးရာဟောပြောပွဲသို့  မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရးမှူး ဦးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး မြတ်သီဟမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃) ဦးအောင်ကျော်မိုး၊ မြစ်သားမြို့ မြို့မရဲစခန်းမှ စခန်မှူး ဒုရဲမှူးဇော်မင်းထွေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းနှင့် အသင်းဝင်များ၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)