ဆီဆိုင်မြို့နယ် လွယ်တော်ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်တော်ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ပြီးဖြစ်သော 11 KV လိုင်း(၁.၂)မိုင်နှင့် 200KVA ထရန်စဖော်မာ (၁)လုံးတို့အား ယမန်နေ့ ညနေ ၅ နာရီက ဓာတ်အားချိတ်ဆက်ဆောင်ရွက်ပေးခြင်းအခမ်းအနားကို အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရန် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပုပ္ပားတောင်ကလပ် ဘိုးတော်ဂူအနီးရှိ ကိုးတောင်ပြည့် ပြည်တော်အေးစေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငွေကျပ်သိန်း ၃၁၀ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်ဂူအနီးရှိ ကိုးတောင်ပြည့် ပြည်တော်အေးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက်၊ အလှူငွေကျပ် သိန်း ၃၁၀ ပေးအပ်လှူဒါန်းပွဲကို၊ အောက်တိုဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက ညောင်ပင်ဆိပ်အတက်လမ်း ရွှေမန်ကျီးတောရိပ်သာ ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဂရင်းတန်-၁ အစေ့ထုတ်ပြောင်းနှင့် ရာသီထပ်နေကြာ သီးညှပ်စိုက်ပျိုးထားမှု စံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ထိုင်းနိုင်ငံထုတ် ဂရင်းတန်-၁(Green Teng-1)အစေ့ထုတ်ပြောင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနနှင့် မင်းမဟော်ကုမ္ပဏီတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ အခမဲ့ စမ်းသပ် စစ်ဆေးကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၆၀)နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ် စစ်ဆေး  ကုသပေးခဲ့သည်။

ဘိုကလေးမြို့နယ်တွင် နွေအင်းလုပ်ကိုင်သူများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နေ့လယ်(၁)နာရီ အချိန်တွင် မြို့နယ်အတွင်းရှိ ကျွန်းပတ်တာများအတွင်းမှ နွေအင်းလုပ်ကိုင်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ၍ အင်းလုပ်ငန်း လုပ်ကိုင်မှုဆိုင်ရာ စည်းကမ်းများအား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် အသိပညာပေး ရှင်းလင်းဆောင်ရွက်သည်။

ပွင့်ဖြူမြို့နယ်၌ ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “ခေါင်းဆောင်မှု” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန၌ “Book Club”အသင်းဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ဇင်(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော “အိမ်မက်ကောင်းကင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
Subscribe to