သဲကုန်း ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း(တပ်ရွာ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းနေအရွယ်ကလေးများ သွေးလွန်တုန်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့်ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း၊ ခြင်ကျားသည် မိုးရာသီ၌အများဆုံးပေါက်ပွားနိုင်ပြီး နေ့အခါတွင် ကိုက်တတ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားလေ့ရှိကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရေအိုး၊ ရေကန်များကိုအဖုံးအုပ်ခြင်း၊ ရေလဲလှယ်ခြင်း၊ သွန်ပစ်ခြင်း၊ ရေစစ်ခြင်းများ ပြုလုပ်သင့်ကြောင်း၊ ဖျားပြီးအန်ခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ဗိုက်နာခြင်းများ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍ ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)