အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မြန်အောင်မြို့နယ်အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် ယနေ့ နံနက်က မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ငါးမွေးမြူရေးတောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။