သထုံမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် တရားဝင်မှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိဘဲ တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။