ပွင့်ဖြူမြို့၌ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့တွင်း၌ တပ်ဆင်ဆောင်ရွက်ထားရှိသော လျှပ်စစ်လမ်းတိုင်များမှာ ယခုအခါ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး၍ မီးမလင်းတော့သဖြင့် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မီးမလင်းသည့် လမ်းမီးတိုင်များရှိ လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်းပြီး LED မီးသီးများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။