ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲများ အကြိတ်အနယ်ယှဉ်ပြိုင် 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး နှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘောလုံးပွဲဝါသနာရှင် ပြည်သူများမှ တစ်ခဲနက်လာ‌ရောက်ကြည့်ရှုအားပေးကြသည်။

ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကမမောင်းမြို့၌ စာရေးဆရာ ကျော်ကျော်လှိုင်၏ ပျော်ရွှင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားထားသော ပျော်ရွှင်ခြင်းစာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသ၏ အဓိကစိုက်ပျိုးရေးထွက်ကုန်သီးနှံ ချဉ်ပေါင်ဖာလာများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်သီးနှံတစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာ အခွံအုပ်အခြောက်များ ဈေးကောင်းရရှိနေသည့်အတွက် တောင်သူများ ဝမ်းမြောက်လျက်ရှိသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မလာဖြစ်ဂူဘုရားတွင် ရှေးအလွန်ကျသည့် နံရံပန်းချီများ ကျောက်စာချပ်နှင့်ဘီလူးပန်းဆွဲ၊ ခြင်္သေ့ရုပ်ပန်းဆွဲများကိုလေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မလာဖြစ်ဂူဘုရားတွင် အလွန်ရှေးကျသည့် ပုဂံခေတ်နံရံပန်းချီများ၊ ကျောက်စာချပ်နှင့်ဘုရား မလာဖြစ်ဂူဘုရားအပြင်တွင် လက်ရာကောင်းမွန်လှသည့် ဘီလူးပန်းဆွဲရုပ်၊ ခြင်္သေ့ပန်းဆွဲရုပ်နှင့်မနုဿီဟပန်းဆွဲရုပ်များ၊ ဘုရားကြီးတည်ဆောက်ပုံဗိသုကာပညာရပ်ကို လေ့လာနိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံကသိရသည်။

ငါန်းဇွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက မိသားစုတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။

ငါ့သရောက်မြို့တွင် မိုးရွာသွန်းမှုကောင်းသဖြင့် မြေပဲအထွက်နှုန်းကောင်းမွန်

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့တွင် မိုးရွာသွန်းမှုကောင်းမွန်ပြီး မိုးရေကောင်းစွာရရှိခဲ့သည့်အတွက် မြေပဲများအထွက်နှုန်းကောင်းမွန်ကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံကသိရသည်။

ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်ပြဘုတ်တွင် “မူးယစ်အန္တရာယ်လက်တွဲကာကွယ်” အသိပညာပေး နံရံကပ်စာစောင်များပြသထား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ အသိပညာပေး နံရံကပ်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် “မူးယစ်အန္တရာယ်လက်တွဲ ကာကွယ်” အသိပညာပေး စာစောင်များ ပြသထားကြောင်း သိရသည်။

အမ်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ရပ်ကွက် ကျေးရွာအုပ်စုများ၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက် ကျေးရွာအုပ်စုအလိုက်ကျေး ရွာ တာဝန်ရှိသူများက ယမန်နေ့နံနက်ကစပြီး အိမ်တိုင်ရာရောက်သွားရောက် ပေးအပ်လျက်ရှိသည်။
Subscribe to