မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ပြည်သူများလက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန်အတွက် ဌာနဆိုင်ရာ များပူးပေါင်းပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဥယျာဥ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဖိုးပေါက်စုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ရွှေလှေကျေးရွာအုပ်စု၊ ဖိုးပေါက်စုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ရွှေထီးရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် ကြည့်မြင်တိုင်မြို့နယ် ရွှေထီးရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ဘုရားနှစ်ဆူကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့၊ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များတွင် သတ်မှတ်စျေးနှုန်းနှင့်အညီ ဆန်ရောင်းချမှု ရှိ/မရှိ ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်( ၂) ရပ်ကွက်၊ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များတွင် ဆန်များကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိအား ဌာနဆိုင်ရာများမှ  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများ ကျင်းပ

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့နံနက် ၉ နာရီက ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပသည်။

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ပုသိမ်မြို့၌ မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီး၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၆)ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲနှင့် ဝိဇာတမွေးနေ့ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲနှင့် ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်၏ သက်တော် (၅၇)နှစ်ပြည့် ဝိဇာတမွေးနေ့ ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်‌နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။

မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ မြန်မာ့ဆန်စပါးအွန်လိုင်းတွင် သိုလှောင်ရုံမှတ်ပုံတင်ရေးဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး၊ မြန်မာ့ဆန်စပါးအွန်လိုင်းတွင် သိုလှောင်ရုံမှတ်ပုံတင်ရေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ရပ်ကွက်တွင် မီးလောင်းမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ရပ်ကွက်၊ ၃၈ လမ်း၊ ၅၂×၅၃ လမ်းကြားရှိ ICON KTV တွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to