လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် ကျောင်းအခြေပြု နယ်လှည့်စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ဇွန်လ ၂၇ ရက်နေ့ နံနက် (၁၀)နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်းချယ်ရီမြိုင်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။