တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုဥ်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တောင်းတံတားအနီး၌ ကျင်းပသည်

သံဖြူဇရပ်မြိုနယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့နယ်၌ “ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား” ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မလှိုင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်နှင့် သာသနာ့နွယ်ဝင်သီလရှင်(၄၂)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာနှင့်စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ”အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် ငါးလုံကုန်းကျေးရွာတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ငါးလုံကုန်းကျေးရွာတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းကာ ရောင်းချရာတွင် နှမ်းတစ်တင်းလျှင် ငွေကျပ်(၁)သိန်းကျော် ရောင်းချရသဖြင့် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊  မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ (ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ အင်းခေါင်းကန်အနီး မြေနေရာ၌ ကျင်းပသည်။

ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ(အမျိုးသား)ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပသည်။

မြိတ်တက္ကသိုလ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မြိတ်ခရိုင် သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်ဝင်းအတွင်းကျင်းပခဲ့ပြီး မိုးရာသီသစ်ပင်(၆၀၀)ကျော်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။

မြန်အောင်၌ အခြေခံစားသောက်ကုန်ဆန်နှင့် ဆီစျေးနှုန်း သက်သာစွာဖြင့် အခြေခံအိမ်ထောင်စုများအား ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် "မြတ်ဘုန်းသူ" ဆန်စက်တို့မှ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်နှင့် မြို့မတဲကြီးကုန်းကျေးရွာတို့မှ အခြေခံအိမ်ထောင်စု (၃၀၀) စုတို့အား ယနေ့နံနက်က အခြေခံစားသောက်ကုန် ဆန်နှင့် ဆီကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းပေါင်းစုံနှင့် ပညာရေး (GEC), ငွေစု၊ ငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံနှင့် ပညာရေး (GEC), ငွေစု၊ငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားနှင့်ဆုပေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့နံနက်(၁၀)နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်းချယ်ရီမြိုင်ခန်းမ၌ ကျင်းပပါသည်။
Subscribe to