လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲ ကျင်းပ

လဟယ် ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် ကျောင်းအခြေပြု နယ်လှည့်စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ဇွန်လ ၂၇ ရက်နေ့ နံနက် (၁၀)နာရီအချိန် လဟယ်မြို့ အထက်တန်းကျောင်းချယ်ရီမြိုင်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ ရသ စာအုပ်စာစောင်းများ၊ နံရံကပ်ဓါတ်ပုံများကို ကျောင်းသားသူများက စိတ်၀င်စားစွာ လေ့လာဖတ်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးပါသည်။ အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာအုပ်စာစောင်များ ငှားရမ်းပေးနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကို၊ ဒေသအဆင့် ပညာရေးမှူး ဦးဆန်းဦး၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းနှင့် အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့တို့က တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

လဟယ်(ပြန်/ဆက်)