လဟယ်မြို့တွင် အသက်(၁)နှစ်ခွဲ‌အောက် ကလေးသူငယ်များပုံမှန်ကာကွယ်‌ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ‌မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံ

လဟယ်    ဇွန်    ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များ(၅)မျိုးစပ်ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်၀န်ဆောင်မိခင်များအား‌ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀)နာရီအချိန် လဟယ်မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် အသက်(၂)လမှ(၁၈)လထိ ကလေးသူငယ်များကို BCG(၅)မျိုးစပ်ကာကွယ်ဆေး၊ PCV ပိုလီယို‌၊ ဂျပန်ဦးနှောက်ယောင်ကာကွယ်ဆေး၊ ဂျိုက်သိုးကာကွယ်ဆေးများနှင့် ကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို လဟယ်မြို့ပေါ်(၄)ရပ်ကွက်ရှိက လေးသူငယ်(၁၃၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၅၉)ဦးတို့အား မေးခိုင်ရောဂါကာကွယ်‌ဆေးကိုစတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

လဟယ်(ပြန်/ဆက်)