လဟယ် ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ထိုသို့ယှဉ်ပြိုင်ရာတွင် အထက်တန်းကျောင်းသား/သူ (၂၂)ဦး၊ မြို့မမူလွန်ကျောင်းမှ အလယ် တန်းအဆင့်ကျောင်း (၂၉)ဦး စုစုပေါင်း (၅၁)ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးရှားဆက်၊ မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ကြည့်ရှုအားပေးပြီး ဆုရရှိသော အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများကို ဇွန်လ (၂၆) ရက်နေ့ အခမ်းအနားနေ့တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လဟယ် (ပြန်/ဆက်)