အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ဆန်များနှင့် ထောက်ပံ့ငွေများ လှူဒါန်း၊ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့်ဆန်များနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများ၊ နေရပ်ပြန် ပြည်သူများအား ဆန်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ထောက်ပံ့ငွေများ လှူဒါန်း၊ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ နေရပ်ပြန်ပြည်သူများ ကြိုဆိုလက်ခံရေးဌာန၊ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအသီးသီးမှ နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ ၂၀၂၄ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်

မြန်မာပြည်မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ်အထက်ပိုင်း၌ မိုးသည်း ထန်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ ရှိသည့်အနက် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြင့်တက်လာခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် စိုးရိမ်ရေ မှတ်အောက် (၁၁၄၀) စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် မြို့မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ပြီး ပြည်သူများအား လတ်တလော ရေဘေးရှောင်စခန်း (၉) နေရာဖွင့်လှစ်၍ ကူညီကယ်ဆယ် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ (၂) နာရီက ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ပေးသည်။

နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၏ နာယက၊ လယ်ဝေးမြို့နယ် ဂုဏ်မင်းအိုင်ကျေးရွာ သဘာဝတရားရိပ်သာတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနေမှုကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့၏နာယက ဒေါ်သီတာဇင်၊ နေပြည်တော်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်၊ စိုင်ခေါင်းရိုးအုပ်စု၊ ဂုဏ်မင်းအိုင်ရွာ၊ သဘာဝတရားရိပ်သာတွင် နေထိုင်လျက်ရှိသော နေရပ်ရှောင်ပြည်သူများအားကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်၊ ရေကြည်မြို့နယ်၊ သစ်စိမ်းမြေဩဇာ မြေမြုပ်ထည့်သွင်းမှုများအား ကြည့်ရှုအားပေး

ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၉.၆.၂၀၂၄)ရက်နေ့ ညနေပိုင်းက ပုသိမ်တက္ကသိုလ်​ဘောလုံးအားကစားကွင်းကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၅) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ရာသီဥတုသာယာမျှတကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်နှင့် သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး သစ်ပင်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်လမ်း(ရာဇသင်္ဂဟလမ်းမှ တော်ဝင်ရတနာလမ်းအထိ) မြေနေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များမှ တာဝန်ရှိများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် ဘိုကာရှီမြေဆွေးပုံ လက်တွေ့ ပြုလုပ်ခြင်းနှင့် အခြောက်မျိုးစေ့ချစက်(Dry Seeder)ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ တက်ရောက်၊ ကံကြီးဇုန် မွေးမြူးရေးလုပ်ငန်းရှင်နှင့် “ပန်းသပြေ” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့သည် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူ ကျေးရွာ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၏ “ရွှေဟိန်း” ဆန်စက် ယာယီမဏ္ဍပ်ကို ယနေ့နံနက်ပိုင်းက ရောက်ရှိရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းလွင်၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ဥတ္တရခရိုင် ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီး စံသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ကြိုဆိုကြသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “စာစီစာကုံးပြိုင်ပွဲ” ပြင်ဦးလွင်မြို့တွင် ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်ကျင်းပသည့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက် ၉ နာရီတွင် ပြင်ဦးလွင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဒဂုံမြောက်) မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဒဂုံမြောက်) မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

ဘားအံမြို့၌ မြန်မာအမျိုသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှု မောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့်အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှုမောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to