ငပုတော ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူများ အခြေခံစားသောက်ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားအခြေခံစားသောက်ကုန်များကို အခွန်လွတ်ဈေးအတွင်း ယနေ့ နံနက်ပိုင်းက သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးနေမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ငပုတောမြို့မြောက်ပိုင်းရပ်ကွက်ရှိ ဒေါနလမ်းတွင် အပတ်စဉ် (တနင်္ဂနွေနေ့) တိုင်းတွင် ကုန်ဈေးနှုန်း တည်ငြိမ်မှု ရှိစေရေးအတွက်ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးသီးရွက်နှင့် အခြားအခြေခံစားသောက်ကုန်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)