ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် လူရည်ချွန်မောင်မယ်များအား သီရိပျံချီဦးဉာဏ်ဝင်း+ဒေါ်မြင့်မြင့်စိုးမိသားစုတို့က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်တစ်နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)ဖြင့် ကွင်းသရုပ်ပြပွဲကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သနပ္ပင်ကျေးရွာတောင်သူဦးကြာဝင်း၏ လယ်မြေတွင် မိုးစပါးမျိုးစေ့ချကိရိယာ(SEEDER)ဖြင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပသည်။

မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု အခမ်းအနားမှူး သင်တန်းဆင်းပွဲ သန်လျင်၌ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်ခဲ့သော အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ ပြည်သူမျာအား စားအုန်းဆီများဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာ (၆၄၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ ဥယျာဉ်ကုန်းရွာ ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူ စေတီတော်မြတ်ကြီးအသစ်ပြန်လည်လည်တည်ထားကိုးကွယ်ရန်အတွက် ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင်မဟာရာဇာမုနိ‌ အောင်တော်မူ ရှေးဟောင်းစေတီ‌တော်ဟောင်း ပြန်လည်ပြုပြင်ရေး ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားပုရဝုဏ်အတွင်း ကျင်းပပြုလုပ်သည်။

ပုသိမ်မြို့တွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားမှတ်ပုံတင်မရှိသေးသူများအား “ပန်းခင်း”စီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားမှတ်ပုံတင် မရှိသေးသူများအား “ပန်းခင်း” စီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းကို အမှတ်(၁၄)ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရော၌ စားသုံးဆီနှင့်ဆန်များအား ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စားသူံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းစျေးနှင့်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့်ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to