ကန့်ဘလူမြို့နယ်၌ ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးနှင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ဧက ၁၄၂၅၅၈ လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅၈ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်အတွင်းရှိ ကျောင်းတိုက်များသို့ ပိဋကတ်သုံးပုံပါဋ္ဌိတော် ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဋ္ဌိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုး ပိဋကတ်ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၌ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရာမညဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရာမညဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မုဒုံမြို့နယ် တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုဒုံမြို့နယ် တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတရားရုံးအဆောက်အဦရှေ့၌ ကျင်းပပြူလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁)လုံး အမိုးလန်‌ ပျက်စီးမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ဂတက်ရိုးကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နယ်မြေခံလေ့ကျင့်ရေးတပ်တွင်ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတက်ရောက်၍ စစ်ရေးပြအခမ်းအနားအား ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးညှင်း၌ ပလပ်စတစ်ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

မိုးညှင်း၌ ပလပ်စတစ်ညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက် မိုးညှင်း ဇွန် ၂၉ ရွှေမိုးညှင်း

ကျိုင်းတုံတက္ကသိုလ်၌ The Logistics and Supply Chain Development of Cross-Border Trading and Investment From Thailand To China ခေါင်းစဉ်ဖြင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ရာဂျာဘတ်တက္ကသိုလ်တို့မှ ကြီးမှူးကျင်းပသည့် The Logistics and Supply Chain Development of Cross-Border Trading and Investment From Thailand To China ခေါင်းစဉ်ဖြင့် သုတေသနပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပါရမီစိန်ဂေဟာရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က လှိုင်မြို့နယ် (၁၆)ရပ်ကွက်ပါရမီစိန်ဂေဟာစင်တာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Subscribe to