ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှတောင်သူများ တစ်နှစ်လျှင်ပြောင်းဖူး လေးကြိမ်ထိစိုက်ပျိုးရောင်းချနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စုမှကျေးရွာများ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချကြကြောင်း ပြောင်းဖူးစိုက်တောင်သူဦးဌေးဝင်းထံက သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ပြည်သူများအား ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆန်ဆိုင်များတွင် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က သတ်မှတ်ထားသည့်စျေးနှုန်းဖြင့် ဆန်ရောင်းချနေမှုအား တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက်၊ အင်းခေါင်းကန်အနီး မြေနေရာ၌ ကျင်းပသည်။

ပေါင်းတည်မြို့နယ်၌ မိုးစပါးစိုက်ပျိုးရန် ၇၃၅၁၄ ဧက လျာထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မိုးစပါးထုတ်လုပ်မှု ပြည့်မီကျော်လွန် အထွက်ကောင်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးနာက် ရေတော်မိုးတော်ဖြင့် မြို့နယ်အတွင်း မိုးရာသီစပါး စိုက်ဧကအတွက် ၇၃၅၁၄ ဧကကို စိုက်ပျိုးထုတ်လုပ်ရန်လျာထားသတ်မှတ်ထားခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် အာဟာရမုန့်များလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သီရိမင်္ဂလာအုဋ်ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိပါသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှ ပလတ်စတစ်များ လိုက်လံကောက်ယူရှင်းလင်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦး ဆောင်ကာ ပလတ်စတစ်အမှိုက်များသီးသန့်ကောက်ယူခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ပုဂံမြို့ဟောင်းရှိ မျက်တော်ပြေဘုရားမှ ကျောက်မျက်မှော်ဘုရားနှင့် ဟိုတယ်နှင့် ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ကျောက်မျက်မှော်ဘုရားအထိ လမ်းဘေးဝဲယာမှ ပလတ်စတစ်အမှိုက်များအားကောက်ယူစွန့်ပစ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ ‌မြေနိမ့်ရပ်ကွက်များတွင် မြစ်ရေကြီးမှုအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးလိုက်လံနှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ခံ ဦးစည်သူအောင်နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သရက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူကုန်းကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်ဖွင့်လှစ်

(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းကျေးရွာမြို့မအုပ်စုရှိ ရွှေညာမြေလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းက စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မိုးစပါးရာသီကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပဆောင်ရွက်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီကြဲခင်းစနစ်လျော့နည်းရေးအတွက် Drum Seeder ဖြင့် မျိုးစေ့ချပွဲအခမ်းအနားအား ယနေ့နံနက်(၅)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာရှိဦးတင်စိုး၏ လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။
Subscribe to